Thursday, October 10, 2013

၁၀တန်းကျောင်းသူအား သားမယားအဖြစ် ပေါင်းသင်းခဲ့သူ ကြာဗိုလ်ကြီး တိမ်းရှောင်နေဆဲ



ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နေ ၁၀ တန်းကျောင်းသူတစ်ဦးအား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဆိုကာ တိမ်းရှောင်နေသူ တပ်မတော်သား ဗိုလ်ကြီးတစ်ဦးအား ကျောင်းသူလေး၏မိခင်ဖြစ်သူမှ ရဲစခန်းသို့်တိုင်ကြားမှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က မရမ်းကုန်းမြို့နယ်နေသူ ဒေါ်----(၃၆)နှစ်သည်သမီးဖြစ်သူ မ---(၁၅)နှစ် (၈)လ၊ (၁၀)တန်းကျောင်းသူမှာ ကျုရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေ ၆ နာရီကျော်ခန့်တွင် နေအိမ်၌် စာသင်ပေးသော ဆရာမနှင့်အတူရောက်ရှိလာသဖြင့် မိခင်ဖြစ်သူ ဒေါ်---(၃၆)နှစ် က မေးမြန်းရာ နေအိမ်အနီးတွင် ဆေးခန်းလာဖွင့်သော "ကြာ"ဆေးခန်းမှ ဗိုလ်ကြီး-----တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင်-၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဆေးရုံအတွင်းရှိ အဆောင်သို့ခေါ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။
 ယခင်ကလည်းခေါ်ဆောင်၍ မယားအဖြစ်နေထိုင်ခဲ့ကြောင်းသိရ၍ မိခင်ဖြစ်သူမှ အဆိုပါ ဗိုလ်ကြီး. . . အား ခေါ်ယူမေးမြန်းခဲ့ရာ တွင် ဟုတ်မှန်ကြောင်းကို ၀န်ခံခဲ့ပြီးရုံးဖွင့်ရက်တွင် လက်ထပ်မည်ဟုဆိုကာ သက်သေခံစာချုပ်ပေါ်တွင် သက်သေများရှေ့ လက်မှတ်ထိုးပေးခဲ့ပြီးနောက် ယနေ့အထိ တိုင်အတွေ့မခံပဲ ရှောင်တိမ်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ မ----(ခ)--- အား သားမယားအဖြစ်ပေါင်းသင်းမည် ဟု ဖြားယောင်း သွေးဆောင် နေထိုင်ခဲ့သူ ဗိုလ်ကြီး-----အပေါ် အရေးယူပေးရန် မိခင်ဖြစ်သူ ဒေါ်----မှ တရားလိုပြုလုပ်တိုင်တန်းမှုအား ဘုရင့်နောင်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူသည် စစ်သည်ဖြစ်သောကြောင့် အရေးယူနိုင်ရန် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

                                                                                           By ဇော်မျိုးဦး(မြစ်မခ)
                                                                                          Myitmakha Media Group 


 

1 Comment Box:

Sai Thu Ya said...

စံနမူနာယူစရာ စံပြလူသားလေးပါ

Post a Comment


 

Comment Box

Followers