Wednesday, October 2, 2013

မြန်မာဒုက္ခသည်များ ဂျပန်ရောက်ရှိ

 
ကုလသမဂ္ဂဒုက္ခသည်ပြန်လည်နေရာချထားရေး ကနဦးစမ်းသပ် အစီအစဉ်ဖြင့် ထိုင်းဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် မိသားစု ၄ စုသည် ဂျပန်နိုင်ငံကို စက်တင်ဘာလ ၂၇ ရက်နေ့က ရောက်၇ှိလာကြောင်းကျိုတို သတင်းတွေင် ဖော်ပြလိုက်သည်။ ယင်းအစီအစဉ်ကို ၂၀၁၀ တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ဂျပန် နာရီတာလေဆိပ်ကို ရောက်ရှိလာသော ၁၈ ဦးပါ တိုင်းရင်းသားမိသားစု ၄ စုသည် ခရီးရှည်ကြောင့် ပင်ပန်းနေကြသော် လည်း စိတ်လက်ပေါ့ပါးသွားသည်ဟု ဆိုသည်။ ဇနီးနှင့် ကလေးငယ် တဦးနှင့် ရောက်လာသည့် အသက် ၃၆ နှစ်အရွယ်ဒုက္ခသည်တဦးက သူသည် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွင်၇ နှစ်ကြာနေထိုင်ခဲ့ရကြောင်း
ပြောပြသည်။ သူတို့ကို နွေးထွေးစွာကြိုဆိုမှုကို ကျေးဇူးတင်ကြောင်းနှင့် ဂျပန်စာ သင်ကြားပြီးသည့်နောက် အလုပ်အကိုင်ရရှမည်ဟု မျှော်လင့် ထားကြောင်း ပြောဆိုလိုက်သည်။

အဆိုပါ ဒုက္ခသည်များကို ၆ လကြာ ဂျပန်ဘာသာစကားနှင့် အလုပ်ခွင်သင်တန်းများ ပို့ချပေးမည် ဖြစ်ပြီး မိသားစုများက ၎င်းတို့ လုပ်ကိုင်နိုင်မည့် လုပ်ငန်းကို ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သလို မည်သည့်နေရာတွင် အခြေချမည်ကိုလည်း ဆုံးဖြတ်ကြမည်ဟု သိရသည်။
ကုလသမဂ္ဂ၏ တတိယနို်င်ငံပြန်လည်အခြေချထားရေးအစီအစဉ်က မိမိနိုင်ငံကို စွန့်ခွာထွက်ပြေးလာသူများကို တတိယနိုင်ငံများတွင်
ပြန်လည်နေရာချထားရန်စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံက တနှစ်ကို
မြန်မာဒုက္ခသည် ၃၀ ဦးနှုန်းနှင့် ၅ နှစ် ခေါ်ယူသွား ရန် သဘောတူညီ ခဲ့သည်။ သို့သော် ပထမ ၂ နှစ်အတွင်း မြန်မာဒုက္ခသည် ၄၅ ဦးကိုသာ ဂျပန်အစိုးရက ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့်နှစ်က လုံးဝ ခေါ်ယူခဲ့ခြင်း
မရှိခဲ့ပေ။ပြန်လည်နေရာချထားရေး ကန့်သတ်ချက်များကြောင့်သာမက ဂျပန်နိုင်ငံတွင် နေထိုင်လုပ်ကိုင်ရမည့် အခြေအနေများကို ဒုက္ခသည်များက ကြိုတင် မသိရှိကြသဖြင့် စိတ်ဝင်စားမှုနဲပါးသည်ဟု ဆိုသည်။

တချို့ကျွမ်းကျင်သူများကလည်း ဂျပန်အစိုးရ၏ ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်း၍ ဖြစ်ရကြောင်း ထောက်ပြပြော ဆိုကြသည်။ ကနဦးစမ်းသပ်အစီအစဉ်ကို ပုံမှန်အစီအစဉ်တခုအဖြစ် တိုးမြှင့်လုပ်ဆောင်လိုခြင်းရှိမရှိကို ဂျပန်အစိုးရက လေ့လာသုံးသပ် သင့်ပြီဟုလည်း ကျွမ်းကျင်သူများက ပြောဆိုကြကြောင်း ကျိုတိုသတင်းက
ဖော်ပြလိုက်သည်။

                                                                                                    ခင်မေဇော်
                                                                                                ကိုးကား- Japan Times

                                                                                                 FROM: Shan News

0 Comment Box:

Post a Comment


 

Comment Box

Followers