Saturday, October 19, 2013

စင်ကာပူတွင် ရေပန်း စားနေသော မြန်မာအိမ်ဖော် သုံးသောင်းခန့် မည်သို့ ရောက် လာကြ

 စင်ကာပူတွင်ဒုက္ခရောက်နေသော နိုင်ငံခြားသား အိမ်ဖော်တစ်ဦး။  ဓာတ်ပုံ-အေအက်ဖ်ပီ
 
တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင်သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက် လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အ ကူလုပ်သား ၂၇ဝဝဝကျော်ခန့် လုပ်ကိုင်နေကြောင်း သိ ရသည်။ ယခုအခါ အဆိုပါအိမ်အ ကူလုပ်ကိုင် ခွင့်ကိုရရှိရန်အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီး ဌာနထံ တင် ပြထားသည့်အခါတွင် ခွင့်ပြုချက် ကျရန် အလွန်ကြန့်ကြာမှု များနှင့် ရင်ဆိုင်ရသဖြင့် ယင်းကဲ့သို့တရား မဝင်သွားရောက်မှုမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လင်း ဟိုက်ပါဝါ ပြည် ပ အလုပ်အကိုင် ရှာ ဖွေရေးအေဂျင်စီမှ ဒေါ်ပေါ်လင်း က ''သွားလုပ်မယ့်သူတွေက ချက် ချင်းသွားချင်ကြတယ်။

တရားဝင်သွားရောက်လုပ်ကိုင် ဖို့အတွက် ခွင့်ပြုမိန့်စောင့်ရမယ် ဆိုတော့ အမြန်ရောက်မယ့်နည်း လမ်းဖြစ်တဲ့ တရားမဝင်သွားဖို့ ကိုပဲ ရွေးချယ်လာကြ တယ်။ ဒီလို တရားမဝင်သွားရောက်တာ ကြာ လာရင် လူကုန်ကူးမှုလမ်းကြောင်း ကို ရောက် သွား နိုင်တယ်''ဟု ပြော သည်။ယင်းကဲ့သို့ တရားမဝင်သွား လာသည့်အတွက် လုပ်သားများ အတွက် လုံခြုံစိတ်ချမှုများအပါ အဝင်၊ အလုပ်သမားအခွင့်အ ရေးတန်း တူမရရှိနိုင်ကြောင်း၊ သွားရောက်လုပ်ကိုင်ခွင့်ကို မြန် ဆန်စွာလုပ် ကိုင်ခွင့် ပေး မည်ဆိုပါ က နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေဝင်ရနိုင်ကြောင်း ပြောသည်။
 ပြည်တွင်း အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ အစိုးရ ခွင့်ပြုချက်နဲ့ သွားလို့ရရင် အလုပ်သမားတွေ
အတွက်လည်း ထိုက်တန်တဲ့ လုပ်ခရလစာရမယ်။ နောက် တရားဝင်လွတ်ရင် သောချာစီစစ်လွှတ်နိုင်တယ်။
ဘာသာစကား သတင်တန်းနဲ့ လုပ်ငန်းခွင် သင်တန်း တွေပေးပြီးလွှတ်ရင်  အလုပ်ရှင်နှင့် ပြဿနာဖြစ်မှုတွေ
ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

စင်္ကာပူနိုင်ငံတွင် မြန်မာ အိမ်အကူ အလုပ်သမားအရေအတွက်မှာ စင်္ကာပူနိုင်ငံ အေဂျင်စီအသင်းချုပ်၏
စစ်တမ်းအရ ယင်းကဲ့သို့ ၂၇၀၀၀ ခန့်ရှိနေကြောင်း၊ ယင်းအထဲမှ လုပ်သားအချို့မှာ သတ်မှတ်ထားသည့်
အသက် ၂၁ နှစ်အောက် လျော့နည်းသူများ ပါဝင်လာကြောင်းနှင့် တစ်လလျှင် စင်္ကာပူဒေါ်လာ ၃၅၀ နှင့်
၄၅၀ ကြား ရရှိကြောင်း စင်္ကာပူနိုင်ငံတွင် ရွေ့ပြောင်းလုပ်သားကူညီရေး အသင်း(HOME) မှ
ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။

ယင်းက “ တရားမ၀င် လာရောက်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အဆင်မပြေလို့ ကျွန်တော်တို့ဆီ ရောက်လာလို့
စစ်လိုက်ရင် မြန်မာနိုင်ငံ အနှံ့အပြားက နယ်စွန် နယ်ဖျားက ရောက်လာတာတွေ့ရတယ်။ ဒီလို တရားမ၀င်
လာရောက်မှုတွေများလာတာဟာ မကောင်းဘူး။ အလုပ်သမားတွေ အတွက်လည်း အခွင့်အရေး ဆုံးရှုံးတယ်”
ဟုပြောသည်။ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က
“ နိုင်ငံတော်က မလေးမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေကြောင့် အမျိုးသမီး အလုပ်သားတွေ လွှတ်တဲ့အခါ
ထိန်းထိန်းသိမ်းသိမ်း လွှတ်နေရတယ်။ အိမ်အကူ စေလွှတ်တာက အဆင့်နိမ့်တဲ့အတွက် မလွှတ်တာလည်း
ဖြစ်တယ်။ စက်ရုံအလုပ်ရုံပိုင်း လွှတ်တာတောင် သေချာစီစစ်ပြီး လွှတ်နေရတယ်” ဟု ပြောသည်။

                                                                                    စိုင်းဟန်
                                                                                                         Yangon Media Group
 
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers