Monday, October 14, 2013

စာသင်ခန်း(၅)ခန်းကို ဆရာမတစ်ယောက်တည်း စက်ရုပ်တစ်ရုပ်လို ပြေးလွှားသင်ကြားပေးနေရ

 
လစ်လပ်နေသောဆရာများ နေရာတွင် (အမြန်ဆုံး)အစားထိုး ခန့်အပ်ပေးပါရန် တင်ပြတောင်း ဆိုခဲ့ကြသော်လည်း စာသင်နှစ် ကုန်တော့မည့်အချိန်ကာလရောက် သည့်တိုင်အောင် ခန့်အပ်မပေး ခြင်းကြောင့် ဗန်းမော်မြို့နယ်၊ ကံ သာရွာ(ဟောင်း) အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ ကျောင်းကော် မတီနှင့် ကျောင်းသားမိဘများက စုပေါင်းလက်မှတ်ရေးထိုးကြကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ (၈-၁၀-၂၀၁၃) နေ့က တောင်းဆို တင်ပြစာပေးပို့လိုက်ကြောင်း သိရ သည်။

““ကျွန်တော်တို့ ရွာကျောင်းမှ ကျောင်းအုပ်နဲ့ ဆရာမတို့ကို (၁၂-၁၂-၂၀၁၂) နေ့က ပြောင်းရွှေ့ လိုက်ပေမဲ့ ဆရာမအသစ်တစ် ယောက်ကိုသာ အစားထိုးခန့်ခဲ့ပါ တယ်။ အခုဆိုရင် စာသင်နှစ် တောင်ကုန်တော့မယ်။ ဆရာ မပြည့်စုံဘူး။ သြဂုတ်လတုန်းက လက်ထောက်ပညာရေးမှူးလာ စစ်တယ်။ ကျောင်းခြံစည်းရိုးနဲ့ အိမ်သာကိစ္စကိုတော့ အပြစ်ရှာ ပြောသွားတယ်။ အမှန်တကယ် လိုအပ်နေတဲ့ “ဆရာ”အခက်အခဲ ရှိကြောင်း တင်ပြတာကိုတော့ “ကြိုးစားပေးပါ့မယ်”ဆိုတဲ့စကား တစ်ခွန်းသာ ပြောသွားပြီး ဒီနေ့ အထိ မဆောင်ရွက်ပေးဘူး။ တစ် ရွာလုံး ရေနစ်တဲ့ဒေသမျိုးမှာ မြစ် ရေတိုးချိန်မှာ ခြံစည်းရိုးပြိုလဲကျ တာနဲ့ အိမ်သာစောင်းတာ၊ရွဲ့တာ မျိုးက ထူးဆန်းတဲ့ကိစ်္စမဟုတ်ပါ ဘူး။ လက်ရှိဆရာမတစ်ယောက် ထဲက စာသင်ခန်း (၅) ခန်းစလုံး ကို စက်ရုပ်လို အပြေးအလွှား သင်ကြားပေးနေရပြီး ပညာရေး မှူးရုံးသို့ ရုံးကိစ်္စနဲ့ သွားရတဲ့အခါ မျိုးနဲ့ သူနေမကောင်းတဲ့အခါမျိုး ဆိုရင် ကျောင်းပိတ်ထားရတယ်။ တခြားသော ဗာဟီရကိစ္စတွေ လည်း တစ်ယောက်တည်းလုပ် နေရတာမို့ တချို့ရက်တွေမှာ ည နေစာ ထမင်းမစားနိုင်လောက် အောင် ပင်ပန်းနေတာ တွေ့ရ တယ်””ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆရာလိုအပ်နေခြင်းကို ခန့် အပ်မပေးသည့်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုး တော်ဆောင်နှင့်ကျောင်းသားမိဘ များညှိနှိုင်း၍ ကျောင်းသား (၅၂) ယောက်ထံမှ တစ်လ(၁၅၀၀)နှုန်း ကောက်ခံပြီး ဆွဲခန့်  (ရွာခန့်) ဆရာမတစ်ယောက်ငှားထားရ ကြောင်း၊ ကံသာရွာသစ် မူလ တန်းကျောင်းတွင် ကျောင်းသား (၂၁) ယောက်သာရှိသော်လည်း ဆရာမ (၂) ယောက်ရှိကြောင်း၊ ကံသာရွာဟောင်း မူလတန်း ကျောင်းတွင် ကျောင်းသား/သူ (၅၂) ယောက်ရှိပြီး ဆရာမ (၁) ယောက်ထဲရှိသဖြင့် ပညာသင် ကြားရေးတွင် များစွာအခက်အခဲ ဖြစ်နေသောကြောင့် လစ်လပ်နေ သည့် ဆရာများနေရာကို အမြန် ဆုံးအစားထိုး ခန့်အပ်ပေးရန် လို အပ်နေကြောင်း သိရသည်။


                                                                               ဦးဦးငြိမ်း(ဗန်းမော်)
                                                                               HOT NEWS


0 Comment Box:

Post a Comment


 

Comment Box

Followers