Friday, October 11, 2013

ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား၊ ၃၄ ဦး သေဆုံး

http://www.khitlunge.org.mm/UploadImages/tha.jpg

ထိုင်းနိုင်ငံတွင် ပြည်နယ်ပေါင်း ၇၇ ပြည်နယ်ရှိသည့်အနက် ၂၉ ပြည်နယ်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားရာ သေဆုံးသူပေါင်း ၃၄ ဦးအထိ ရှိလာကြောင်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။ ထိုင်းနိုင်ငံရှိ ခရိုင် ၁၆၆ ခုတွင် ရေလွှမ်းမိုးမှုဒဏ် အများဆုံး ခံကြရသည့် နေရာများမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ဖြစ်ပြီး ယခုအချိန်အထိ ရေလွှမ်းမိုးမှုဒဏ် ခံစားကြေရကြောင်း၊ ယင်းနေရာများမှ ပြည်သူ ၁ ဒသမ ၇ သန်းကျော် ရေဘေးဒုက္ခခံစားနေကြရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်ခြေ ၆၉၀၀ လုံး၊ စိုက်ပျိုးမြေဧက ၄၅၀၀၀၀၊ လမ်းပေါင်း ၂၃၁၀ နှင့် တံတား ၁၄၅ စင်း ပျက်စီးခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး ဌာနက ပြောကြားသည်။ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ အလယ်လောက် ကတည်းကစ၍ မုတ်သုံရာသီကျရောက်ပြီး လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်ခဲ့သဖြင့် မိုးသည်းထန်စွာ ရွာသွန်းကာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ (ဆင်ဟွာ)


                                                                                              ခေတ်လူငယ်



0 Comment Box:

Post a Comment


 

Comment Box

Followers