Thursday, October 3, 2013

ရခိုင်တိုင်းရင်းသားမျာကို နှုတ်အားဖြင့် ဂုဏ်ပြုနေရုံနှင့်မရဘဲ လက်တွေ့အကူအညီများပေးသွားမည်

http://www.hotnewsweekly.com/sites/default/files/News/0_153.jpg?1380703238
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို အဖွဲ့အစည်း တစ်ချို့က ရခိုင်ပြည်နယ်ပညာ ရေးနိမ့်ကျနေမှုများတင်ပြခဲ့ကြ ကြောင်း သိရသည်။

ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက ““ရခိုင်ပြည် နယ်ဟာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ အဖက်ဖက်မှာ နိမ့် ကျနေပါတယ်။ ကျွန်တော်တို့ ဒေသမှာ ဆင်းရဲနွမ်းပါးမှုကြောင့် ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်ရန်ခက်ခဲမှုများရှိနေသလို မူလတန်းအဆင့်တက်ပြီး ရေး တတ်၊ ဖတ်တတ်ရုံတက်ပြီး ကျောင်းထွက်ခဲ့သူတွေများနေပါ တယ်။ယခုဆိုလျှင်ဒေသခံအများ စုဟာ ဘုန်းတော်ကြီးကျောင်းလို့ ခေါ်တဲ့(ဘ.က)ကျောင်းများသို့ တော်တော်များများရောက်ရှိနေ တာကို ၀မ်းနည်းဖွယ်ရာတွေ့ရပါ တယ်။ အဲဒီကျောင်းမှာတက်နေ တဲ့ ကျောင်းသူ၊ကျောင်းသားများ ဟာ ၁၂၀၀၀၀ ခန့်ရှိပြီး စာသင် ဆရာမများဟာ လစာငွေ ၇၅၀၀၀ မှ ၂၅၀၀၀ အထိသာ ရရှိပြီး ဆရာ/ဆရာမများကိုယ် တိုင် ၀မ်းစာကိုမနည်းရပ်တည်နေ ရပါတယ်။ စာသင်ကလေးများ ဟာ အမိုးအကားမရှိခြင်း၊ ထောက်ကူပစ္စည်းများမလုံလောက် ခြင်းနှင့် ကြမ်းခင်းပေါ်မှာ စာရေး နေရပါတယ်။ ဒါကြောင့်နိုင်ငံ တော်ကထောက်ပံ့ပေးဖို့ လိုအပ် လျက်ရှိပါတယ်””ဟုတင်ပြခဲ့သည်။ 


ရခိုင်ပြည်နယ်ကျန်းမာရေး  စောင့်ရှောက်မှုကဏ္ဍတွင် ဆရာ ၀န်၊ဆရာများ လုံလောက်မှုမရှိဘဲ ကျန်းမာရေးလိုအပ်ချက်ဖြစ်လာ လျှင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးရုံရှိရာ သို့ ခက်ခဲစွာသွားလာနေရ ကြောင်းလည်း သိရသည်။


ရန်ကုန်ပညာရေးတက္ကသိုလ် တွင် တက်ရောက်သင်ကြားနေ သော မော်ဇော်မျိုးနိုင်က ““အခြေ ခံပညာကျောင်းများတွင် ဆရာမ များလုံလောက်မှုမရှိဘဲအထောက်   အကူပစ္စည်းများနှင့်ကျောင်းသုံး ပစ္စည်းများလုံလောက်မှုမရှိတဲ့ ညံ့ဖျင်းတဲ့ပညာရေးကြောင့်  အနာဂတ်မှာစိုးရိမ်ရပါတယ်။ တရားမ၀င်ခိုဝင်လာတဲ့ ဘင်္ဂါလီ တွေကိုကြောက်ရွံနေရတယ်။ ဖြစ် ပေါ်ခဲ့တဲ့ ပဠိပက္ခကြောင့် အခြေ ခံပညာရေးကျောင်းတွေ ပိတ် ထားခဲ့ရပါတယ်။မတည်မငြိမ်ဖြစ် နေတဲ့ဒေသမှာ လုံခြုံရေးမြှင့်တင် ပေးပါ။ ဘုန်းတော်ကြီးကျောင်း တွေကို အဆင့်မြှင့်တင်ပေးလိုပါ တယ်။ တက္ကသိုလ် သွားရာလမ်း မှာရှိတဲ့ ဘင်္ဂါလီရပ်ကွက်တွေကို ရွှေ့ပြောင်းပေးပါ။ အလုပ်လက်မဲ့ တွေ ပပျောက်ဖို့အတွက်အလုပ် အကိုင်အခွင့်အလမ်းတွေရရှိအောင် ဆောင်ရွက်ပေးစေလိုပါတယ်။ သက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမယ့် ကျောင်း တွေကို ဖွင့်လှစ်ပေးပါ။ အနောက် တံခါးကို လုံခြုံဖို့ရန်အတွက် စီးပွားရေး၊လူမှုရေးအခွင့်အလမ်း  များကို အဓိကကျတဲ့အမှားအမှန် ခွဲခြားနိုင်ဖို့အတွက် အဆင့်မြင့် ပညာရေးကိုဖော်ဆောင်ပေးပါ”” ဟု ထပ်ဆင့်တင်ပြခဲ့ကြောင်းသိ ရသည်။


ပြည်ထောင်စုလွှတ်တော် နာယကက နိဂုံးချုပ်အမှာစကား ပြောရာ၌ ““ပညာရေးမြှင့်တင်ဖို့ရန် အတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ပါတယ်။ ဘုန်းတော်ကြီးကျောင်း က ဆရာ/ဆရာမတွေကို ထိုက် သင့်တဲ့လစာငွေတွေရရှိဖို့အတွက်  စီစဉ်ထားပါတယ်။ ရခိုင်တိုင်းရင်း သားများ ရုပ်ပိုင်း၊စိတ်ပိုင်း ခိုင်မာ  မှု မရှိပါက လက်ရှိရခိုင်တိုင်းရင်း သားများထမ်းဆောင်နေသော နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး တွင် များစွာအခက်အခဲရှိမှာ ဖြစ် ပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားများကို နှုတ် အားဖြင့် ဂုဏ်ပြုနေရုံနှင့်မရဘဲ လက်တွေ့အကူအညီများ ပေး သွားဖို့လိုပါတယ်””ဟု ထည့်သွင်း ပြောကြားသွားသည်။


ယင်းတွေ့ဆုံဆွေးနွေးမှု အချက်များကို ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသွားမည် ဟု သိရသည်။ ထိုသို့တင်ပြသွား ပြီးသည့်နောက် ပြည်နယ်အစိုးရ နှင့် ပြည်နယ်လွှတ်တော်များသို့ လွှဲပေးသွားမည်ဖြစ်ကြောင်းသိရ သည်။   
       
                                                                                                        မျိုးကျော်
                                                                                                        HOT NEWS



 

1 Comment Box:

Zaw Mmtun said...

လုပ်​မယ်​ဆိုလည်း မြန်​မြန် လုပ်​ ပြီးရင်​ရခိုင်​ တိုင်း​ရင်းသား​တွေကို လက်​နက်​ပါ တပ်​ဆင်​​ပေးလိုက်​ တို့သမိုင်းကို မသိ​သေးရင်​ သူငယ်​တန်းပြန်​တက်​ဗလီမတက်​နဲ့

Post a Comment


 

Comment Box

Followers