Monday, October 21, 2013

အမေဇာတ်ရုပ်မျိုး ရိုက်ဖို့ အစီအစဉ်မရှိသေးဘူးဆိုတဲ့ သင်ဇာဝင့်ကျော်

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဇာတ်ကားရိုက်ကူးမှုတွေ များလာပေမယ့် အခုအချိန်မှာ အမေ ဇာတ်ရုပ်မျိုး လာငှားရင်တော့ ရိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေ ရွေးချယ် ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်က “ အခုအချိန်မှာ ကိုယ့်ရဲ့ အသက်အရွယ်ကလည်း တအား အငယ်ကြီးမဟုတ်ဘူး။ အလယ်အလတ်ဖြစ်နေတော့ ဇာတ်မျိုးစုံလာတယ်။ ဒါပေမယ့် အမေခန်းတွေ ဆိုရင်တော့ ရိုက်ဖို့ မဖြစ်သေးဘူး။ အခုအရွယ်မှာ လူငယ်ဆန်တဲ့ ဇာတ်လမ်းမျိုး ရိုက်လို့ ရသေးတယ်။ အဲဒီတော့ လူငယ်ဆန်တဲ့ ဇာတ်လမ်းမျိုးတွေနဲ့ လက်ရှိအရွယ်နဲ့ သင့်တင့်တဲ့ ဇာတ်လမ်းမျိုးတွေကို ရွေးချယ်ရိုက်ကူးနေပါတယ်။ အမေဇာတ်ရုပ်မျိုး ငှားရင်လည်း မရိုက်သေးဘူး။ သင်ဇာ ရိုက်ချင်တဲ့ ဇာတ်မျိုးတော့ ရှိတယ်။ ဒါပေမယ့် ဇာတ်လမ်း ဇာတ်အိမ်က အရမ်းကြီးနေတော့ နောက်က ပံ့ပိုးမှုတွေ အများကြီး ရှိမှ ရိုက်လို့ရမှာ ဖြစ်တဲ့ အတွက် အကောင်အထည် မဖော်နိုင်သေးပါဘူး။ သင်ဇာက ဘယ်အသက်အရွယ်မှာ ဘာဖြစ်ရမယ် ဆိုတာ မရှိသေးဘူး။ သင်ဇာက ဟိုးအဝေးကြီးကိုလည်း မကြည့်ဘူး။ ပစ္စုပ္ပန်ကိုပဲ ကြည့်တယ်။ အနာဂတ်ကိုလည်း မကြည့်တက်ဘူး။ အတိတ်ကိုလည်း ပြန်မစဉ်းစားဘူး” လို့ ပြောခဲ့သူကတော့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။

                                                                                     Friday(Malay)

                                                                             Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers