Thursday, October 24, 2013

ချန်ပီယံလစ်ပွဲစဉ် ရလဒ်များ

 Champions League - Man Utd - မန်ယူအသင်း

မြန်မာနိုင်ငံက ​ဘောလုံး ​၀ါသနာရှင်များအတွက် ​ပြီးခဲ့တဲ့ ​အချိန်ပိုင်းက ​ကန်ခဲ့တဲ့ ​ချန်ပီယံလိစ် ​ပွဲရလဒ်တွေကို ​ပြောပြပေးပါမယ်။ ​မြန်မာ ​ပရိသတ်တော်တော်များများရဲ့ ​အကြိုက် ​မန်ယူအသင်းက ​ရီးရဲ ​ဆိုဆိုက်ဒက် ​အသင်းကို ​၁ ​ဂိုး ​ဂိုးမရှိနဲ့ ​နိုင်ပြီး ​အုပ်စု ​A ​မှာ ​၃ ​ပွဲကန်ပြီး ​၇ ​မှတ်နဲ့ ​ထိပ်ဆုံးရောက်နေပါတယ်။

Paris ​Saint ​Germain ​အသင်းက ​အဝေးကွင်းမှာ ​RSC ​Anderlecht ​အသင်းကို ​၅ ​ဂိုး ​ဂိုးမရှိနဲ့ ​ဂိုးမိုးတွေ ​ရွာလိုက်ပါတယ်။ ​အဲဒီပွဲမှာ ​ဆွီဒင်ကစားသမား ​အေဗရာဟင် ​မိုဗစ် ​တဦးတည်း ​၄ ​ဂိုးသွင်းသွားခဲ့တာကြောင့် ​၃ ​ပွဲကစားပြီး ​၉ ​မှတ်နဲ့ ​အုပ်စု ​C ​ကို ​ဦးဆောင်နေပါတယ်။
မန်ချက်စတာ ​စီးတီး ​အသင်းကလည်း ​ရုရှားမြေမှာ ​CSKA ​Moscow ​အသင်းကို ​၂ ​ဂိုး ​၁ ​ဂိုးနဲ့ ​အနိုင်ရသွားပါတယ်။

ဂျာမနီ ​ဘေယန်  ​လေဗာကူစင် ​အသင်းက ​Shakhtar ​Donetsk ​ရှာထာ ​ဒိုးနက်စ် ​အသင်းကို ​အိမ်ကွင်းမှာ ​၄ ​ဂိုး ​ဂိုးမရှိနဲ့ ​အပြတ်အသတ် ​အနိုင်ယူလိုက်ပေမယ့် ​အုပ်စု ​A ​မှာ ​မန်ယူ ​နောက်က ​ဒုတိယနေရာမှာ ​ရှိနေပါတယ်။

တူရကီရဲ့ ​ဂါလာတာစာရေး ​အသင်းက ​ကိုပင်ဟေဂန် ​အသင်းကို ​၃ ​ဂိုး ​၁ ​ဂိုး ​နဲ့ ​နိုင်သလို ​စပိန်ဘောလုံးထပ်သီး ​Real ​Madrid ​အသင်းက ​အီတလီ ​ဂျူဗင်ဒတ်စ် ​အသင်းကို ​၂ ​ဂိုး ​၁ ​ဂိုးနဲ့ ​အိမ်ကွင်းမှာ ​အနိုင်ယူလိုက်ပါတယ်။ ​Real ​Madrid ​အသင်းအတွက် ​ရတဲ့ ​ပယ်နယ်တီကို ​ရိုနယ်ဒိုက ​ကန်သွင်းပြီး ​၃ ​ပွဲကစားအပြီး ​၉ ​မှတ်နဲ့ ​အုပ်စု ​B ​ကို ​ဦးဆောင် ​နေပါတယ်။

အုပ်စု ​C ​ရဲ့ ​ဘင်ဖီကာနဲ့ ​အိုလန်ပီယာကော့စ် ​အသင်းတို့ဟာ ​တဖက် ​၁ဂိုးစီနဲ့ ​၁ ​မှတ်စီခွဲယူသွားကြပါတယ်။
ဂျာမနီဘောလုံး ​ထိပ်သီး ​ဘိုင်ယန်မြူးနစ်ကတော့ ​အိမ်ကွင်းမှာ ​Viktoria ​Plzen ​ကို ​၅ ​ဂိုး ​ဂိုးမရှိနဲ့ ​ဂိုးမိုးတွေရွာပြီး ​အနိုင်ယူလိုက်ပါတယ်။

                                                                                      ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers