Thursday, October 10, 2013

၁၀.၁၀.၂၀၁၃ ၊ ကြာဿပတေးနေ့ တွင် ဦးဥာဏ်ဝင်းကို တရားစီရင်မည်



ယနေ့ ၁၀၊၁၀၊၂၀၁၃ ကြာဿပတေး နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို

 အလုပ်မှုဆောင်အဖွဲ့ဝင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲမမှန်သတင်း ပေးမှု ပုဒ်မ 

(၁၈၂) ဖြင့်စွဲဆိုထားသော အမှုအား ဇဗ္ဗူသီရိမြို့ နယ် နေပြည်တော်တွင် အမိန့် ချမှတ်မည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းမည့်နေ့ တွင် မြို့ နယ် (၁၀) မြို့နယ် 


မှ ရွေး ကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဝင်များက ဆန္ဒမဲပြားပေါ်တွင် ဖယောင်းသုတ် 

ထားသည်ကို တွေ့ ရှိရကြောင်း ဗဟိုအောင်နိုင်ရေး ရုံးအဖွဲ့ သို့  တယ်လီဖုန်းဖြင့် သတင်းပေး ပို့ ခဲ့သဖြင့် 

ဦးဥာဏ်ဝင်းက အဖွဲ့ ချုပ် ဗဟို အလုပ်မှုဆောင်အဖွဲ့ ဝင်များ နှင့် အစည်းအဝေး 

ကျင်းပခဲ့ပြီး၊ ရွေးကောက်ပွဲဗဟိုကော်မရှင် ထံသို့  အရေးယူဆောင် ရွက်ပေးရန် 

အကြောင်းကြားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲ ဗဟိုကော်မရှင်က ဦးဥာဏ်ဝင်း အား 

မမှန်သတင်းပေးပို့ ခဲ့သည်ဆိုကာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၂ အရ တရားရုံးသို့ ဦးတိုက်လျောက်ထား 

တရားစွဲခဲ့ခြင်းဖြစ်သည်။


                                                                                               Red Star News


 

0 Comment Box:

Post a Comment


 

Comment Box

Followers