Monday, October 7, 2013

ဆိုမာလီယာ နှင့် လစ်ဗျားနိုင်ငံ များအတွင်းသို့ အမေရိကန် တပ်များ စီးနင်းတိုက်ခိုက် အယ်လ်ကိုင်ဒါ ခေါင်းဆောင် တစ်ဦးအား ဖမ်းဆီးရမိ



ဝါရှင်တန် ၊ ၇-၁၀-၂၀၁၃
အမေရိကန် တပ်ဖွဲ့များသည် ဆိုမာလီယာ နှင့် လစ်ဗျား နိုင်ငံများ အတွင်း စီးနင်း တိုက်ခိုက် မှု နှစ်ကြိမ် ပြုလုပ် ခဲ့ပြီးနောက် အယ်လ်ကိုင် ဒါ ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် က အောက်တိုဘာလ ၅ ရက်တွင် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရ သည်။
အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်များ သည် ဆိုမာလီယာ နိုင်ငံ အတွင်းရှိ အယ်လ်ရှာဘတ် စစ်သွေးကြွများ အခြေစိုက် ရာ အခိုင်အမာ ခြေကုပ်စခန်း ကို ထောက်လှမ်းရေး သတင်းများ အပေါ် အခြေခံ၍ အောက်တိုဘာလ ၄ ရက် ညပိုင်းက စီးနင်း တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပြီး နောက်ပိုင်း ပြန်လည် တိုက်ခိုက်ခြင်း မခံရမီ အချိန်မီ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း နှင့် ယင်း တိုက်ခိုက်မှု တွင် အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ် မှ ပြောရေး ဆိုခွင့် ရှိသူ ဂျော့လစ်တယ် က ပြောကြား ခဲ့သည်။
ဆိုမာလီယာ နိုင်ငံပိုင် အသံလွှင့် ဌာနနှင့် ဒေသတွင်းရှိ ပြည်သူများ ကမူ နိုင်ငံတောင်ပိုင်း ရှိ အယ်လ်ရှာဘတ် များ ခိုအောင်းရာ ဘာရာဝေး မြို့ရှိ နေအိမ်တစ်အိမ် ကို အမည်မသိ ပြည်ပ တပ်ဖွဲ့ဝင် များက စီးနင်း တိုက်ခိုက် ခဲ့သည်ဟု သတင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
ယင်း တိုက်ခိုက်မှု သည် အနည်း ဆုံး တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အမေရိကန် Delta Force တပ်ဖွဲ့ဝင် များသည် အောက်တိုဘာလ ၅ ရက်က လစ်ဗျား နိုင်ငံ ထရီပိုလီ မြို့အတွင်း စီးနင်း တိုက်ခိုက်မှု တစ်ရပ်ကို ထပ်မံ ပြုလုပ်ခဲ့ရာ ၁၉၉၈ ခုနှစ် အတွင်းက ကင်ညာနိုင်ငံ နှင့် တန်ဇန်နီးယား နိုင်ငံများ အတွင်းရှိ အမေရိကန် သံရုံးများ တိုက်ခိုက်ခံ ရမှုနှင့် ဆက်စပ်လျက် ရှိသည့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဘူအားနက် အယ်လ်လီဘီ အမည်ရှိ ၄င်းအမျိုးသား ကို ဖမ်းဆီး နိုင်ရေး အတွက် အမေရိကန် တပ်ဖွဲ့ များသည် လစ်ဗျား အာဏာပိုင် များကို ကြိုတင် အသိပေး ခဲ့ကြောင်း နှင့် အခြား အသေးစိတ် အချက်အလက် များကို အမေရိကန် အစိုးရက ထုတ်ပြန် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
 
                                                                                            Pyi Chit Thar
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers