Thursday, October 10, 2013

လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်ပြောင်းလဲရန် တောင်းဆိုဆန္ဒပြသူ အမတ်ရှစ်ဦး အဖမ်းခံရ

http://www.khitlunge.org.mm/UploadImages/war.jpg

လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆိုင်ရာ ဥပဒေများအား ပြင်ဆင် ပြောင်းလဲရေး ပြုလုပ်ရန် တောင်းဆိုဆန္ဒပြသည့် လူထောင်ပေါင်းများစွာနှင့်အတူ မြို့တော် ဝါရှင်တန်၌ စုဝေးခဲ့ကြသော အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်ရှစ်ဦး အဖမ်းခံခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

 အောက်တိုဘာ ၈ ရက်က စုဝေးချီတက်လာကြသော ဆန္ဒပြသူများသည် အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအနီးရှိ လမ်းတစ်လမ်းကို ပိတ်ဆို့ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ ဆန္ဒပြသူအချို့ကို ရှင်းလင်းဖယ်ရှားနိုင်ရန် ကြိုးပမ်းခဲ့သည်။ 

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့် ဆန္ဒပြပွဲ၌ ပြည်သူ ၁၀၀၀၀ ခန့် ပါဝင်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများအား အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမည့် အစီအစဉ်ကို လျင်မြန်စွာ အတည်ပြုပေးရန် ကွန်ဂရက်လွှတ်တော်အား ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများအား ပြင်ဆင်ပေးခြင်းဖြင့် အမေရိကန် ပြည်ထောင်စုအတွင်း တရားမဝင် နေထိုင်လျက်ရှိသော အလုပ်သမား ၁၁ သန်းမှာ တရားဝင် နေထိုင်ခွင့် ရရှိလာမည်ဖြစ်သည်။ ဆန္ဒပြသူအချို့နှင့်အတူ အမတ်ရှစ်ဦး အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ရိုက်တာ)

                                                                                          ခေတ်လူငယ် 



0 Comment Box:

Post a Comment


 

Comment Box

Followers