Tuesday, October 15, 2013

ကန်ဘဏ္ဍာရေးပြဿနာ မဖြေရှင်းနိုင်သေး

 

အမေရိကန်နိုင်ငံမှာ ​အဓိကပါတီနှစ်ခုကြား ​သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ​အစိုးရအသုံးစရိတ်ဆိုင်ရာ ​အငြင်းပွားမှု ​ဖြစ်နေပြီး ​ဘဏ္ဍာရေးနှစ်အတွက် ​အသုံးစရိတ်တွေ ​မသတ်မှတ်နိုင်သေးတဲ့ ​ပြဿနာဟာ ​မကြာခင်မှာ ​ပြီးဆုံးသွားမယ်လို့ ​ပြောဆိုသံတွေ ​ထွက်ပေါ်လာပေမယ့် ​အမေရိကန်သမ္မတကတော့ ​တကယ်တိုးတက်မှုရှိမရှိဆိုတာကို ​စောင့်ကြည့်ရမယ်လို့ ​ပြောလိုက်ပါတယ်။

သမ္မတ ​ဘားရက်အိုဘားမားက ​ဆီးနိတ်လွှတ်တော်အတွင်းမှာ ​တိုးတက်မှုတွေ ​ရှိနေပေမယ့် ​တကယ်တိုးတက်မှုရှိမရှိဆိုတာကို ​စောင့်ကြည့်နေတယ်လို့ ​ပြောလိုက်ပါတယ်။

အမေရိကန် ​ဘတ်ဂျက် ​ဥပဒေပြဿနာကြောင့် ​အစိုးရဌာနတချို့ ​ပိတ်ချထားရပြီး ​သိန်းနဲ့ချီတဲ့ ​အစိုးရအမှုထမ်းတွေ ​အလုပ်လက်မဲ့ ​ဖြစ်နေရပါတယ်။

ဒီလိုပြဿနာကြောင့် ​အမေရိကန်လွှတ်တော်အမတ်တွေအပေါ် ​ဆန့်ကျင်တဲ့ ​ဆန္ဒပြမှုတွေလည်း ​ဖြစ်ပေါ်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာကြောင့် ​အမေရိကန် ​ဒေါ်လာ ​ဈေးနှုန်းတွေ ​တဖြေးဖြေးကျဆင်းမယ့်အနေအထားရှိနေပြီး ​သြစတြေးလျဒေါ်လာဈေးနှုန်း ​မြင့်တက်လာနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

ခုအချိန်မှာ ​သြစတြေးလျဒေါ်လာဈေးနှုန်း ​မြင့်တက်နေပြီး ​အမေရိကန်နိုင်ငံက ​ပြဿနာမဖြေရှင်းနိုင်ရင် ​ဒိထက်မက ​မြင့်တက်လာနိုင်တယ်လို့ ​စီးပွားရေးသုံးသပ်သူတွေက ​ခန့်မှန်းထားပါတယ်။

                                                                          ABC Radio Australia



0 Comment Box:

Post a Comment


 

Comment Box

Followers