Tuesday, October 15, 2013

လူအများနှင့် သက်ဆိုင်သည့် နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်မည်

 
Red Link ကုမ္ပဏီသည် ရန်ကုန်မြို့အတွင်း အများနှင့် သက်ဆိုင်သော တည်နေရာများ၌ အခမဲ့နှင့် အခပေး Wi-Fi Zone များ ထူထောင်သွားရန် စီစဉ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

ဘုရားများ၊ ဈေးများ၊ တက္ကသိုလ်များ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ကားဂိတ်များ၊ ဘူတာကြီး၊ လေဆိပ်နှင့် အခြားသော အများနှင့် သက်ဆိုင်သည့် တည်နေရာများ၌ Wi-Fi Zone များ တည်ထောင်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို ယခုနှစ်မကုန်ခင်၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ 

ထူထောင်မည့် Wi-Fi Zone အရေအတွက်နှင့် အသုံးပြုခွင့်ပေးမည့် အမြန်နှုန်းများကို ကုမ္ပဏီအနေဖြင့် သတ်မှတ်ရသေးခြင်း မရှိကြောင်း၊ အဆိုပါ Wi-Fi Zone များ၌ အခပေးစနစ် အသုံးပြုရန် ငွေဖြည့်ကုဒ်နံပါတ် များကို ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 Red Link အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အခမဲ့ Wi-Fi Zone များ တည်ဆောက်ခွင့် ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် ပူးပေါင်း၍ Wimax အင်တာနက်လိုင်းများကို ရောင်းချပေးနေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

 Local Service Provider (LSP) တစ်ခုအနေဖြင့် Red Link ကုမ္ပဏီသည် အင်တာနက်လိုင်းများကို ရောင်းချလာခဲ့သည်မှာ ၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သုံးစွဲသူ အရေအတွက် ၁ သောင်းကျော် ရရှိခဲ့သည်ဟု သိရသည်။ 

ယခုလအတွင်း ကုမ္ပဏီသက်တမ်း ၅ နှစ်ပြည့်ခဲ့သော Red Link ကုမ္ပဏီသည် နိုဝင်ဘာလအတွင်း ၎င်းတို့၏ Wimax အသုံးပြုသူများကို အမြန်နှုန်း အခမဲ့ တိုးမြှင့်ပေးခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

                                                                                            ခေတ်လူငယ်


 

0 Comment Box:

Post a Comment


 

Comment Box

Followers