Monday, October 14, 2013

ထိုင်းတစ်ဦး မြန်မာ(၅)ဦးထံမှ မူးယစ်ဆေးနှင့်အတူလက်နက်များပါဖမ်းမိ

 

တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်မှ နေအိမ် တစ်အိမ်ကို သတင်းအရဝင်ရောက် စစ်ဆေးရာမှ  ထိုင်းနိုင်ငံ သားစူရီယပ်နှင့် မြန်မာပြည် သားငါးဦးထံမှ ကျပ်သိန်း (၇၀)ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၊ (WY)စာတမ်းပါ စိတ်ကြွ ဆေးပြား များနှင့်အတူ လက်နက် (၄)လက်နှင့်အတူ  အောက်တိုဘာလ -၁၀ရက်နေ့ ညပိုင်းက ဖမ်းဆီးရ မိခဲ့ကြောင်း သိရှိရသည်။ ဖဖ်းဆီးရ မိသူများမှာ  လောက်အော် အပါအ၀င် ရန်ကြီး(ခေါ်) အကျုံး၊ အိုက်လုံ၊ စူရီယပ် (ထိုင်း)တို့နှင့် နှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး (.38)တစ်လက် အပါအ၀င် သေနတ်(၄) လက်နှင့် ကျည်များ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရ မိသူတို့အား တာချီလိတ် မြို့မရဲစခန်းက  အမှုဖွင့် အရေးယူ ထားကြောင်း၊  ပြီးခဲ့သည့် အောက်တိုဘာလ  (၉)ရက်နေ့ ကလည်း မယ်ယန်း ကျေးရွာ၌ စိတ်ကြွဆေးပြား (၁၀၀၀)ကျော်၊ အောက်တိုဘာလ လဆန်းပိုင်း ကလည်း တာလေမြို့ နယ်ခွဲ၊ နားအမ်ကျေး ရွာအနီး၌ ကျပ်သိန်းပေါင်း  (၅၂၀၀) ကျော်တန်ဖိုးရှိ  မူးယစ်ဆေး ဝါးများအား တရားခံ များနှင့်တကွ ဖမ်းဆီးရ မိခဲ့သေးတယ်လို့ သိရသည်။

                                                                                                     PadamyarFM

0 Comment Box:

Post a Comment


 

Comment Box

Followers