Friday, October 11, 2013

စည်ပင်အမိန့် ကြော်ငြာစာ သမ္မတ၏ စေတနာကို မှေးမှိန်စေ



ရန်ကုန်၊ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ (စည်ပင်သာယာရေး ၀န်ကြီးဌာန) သည် ““စည်ပင်သာယာရေး ကော်မတီများ ရွေးချယ် ဖွဲ့စည်းခြင်း ဆိုင်ရာ စည်းမျဉ်းများ”” အတွက် အမိန့် ကြော်ငြာစာအမှတ် ၂/၂၀၁၃ ကိုမူ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တစ်ရပ်ရပ်၏ အတည်ပြုချက်ကို ရယူခြင်းမရှိဘဲ ၂၃-၈-၂၀၁၃ ရက် နေ့နှင့် ၂၇-၈-၂၀၁၃ ရက်နေ့ တို့တွင် ကျင်းပ ပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၃)သို့ တင်ပြ ဆွေးနွေး၍ အတည်ပြု ဆုံးဖြတ် ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သတ်မှတ်ချက်များတွင် အပိုဒ် (၃)၊ အပိုဒ် (ဈ) နိုင်ငံရေး အရောင်အသွေး ကင်းရှင်းသူ (ပါတီနိုင်ငံရေး ကင်းရှင်းသူ) အပိုဒ်ခွဲ (ည) အုပ်ချုပ်မှု အတွေ့အကြုံရှိသူ၊ အပိုဒ်ခွဲ (ဌ) ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ပြီး နိုင်ငံရေး အသွေး အရောင် မရှိသော မိသားစုရှိသူ၊ အပိုဒ်(ဃ) တိုင်းဒေသကြီး အစိုးရမှ ယုံကြည် စိတ်ချရသူ (ဏ) မိမိကိုယ်တိုင် ဆန္ဒပြုသူ ဟူ၍ ပါရှိပါသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီများ ရွေးချယ် ဖွဲ့စည်းရာတွင် မြို့နယ် ကြီးကြပ် ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌအဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် အမှုဆောင် အရာရှိ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင် ၃ ဦးကို မြို့နယ် ရဲတပ်ဖွဲ့မှူး လ၀က ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိ တို့ဖြင့် ဖွဲ့စည်း စေခဲ့ပါသည်။ ….

တစ်ဖန် အပိုဒ် (၇) အပိုဒ်ခွဲ (ဆ)တွင် ““မြို့နယ်/ မြို့နယ်ခွဲ အဆင့် မြို့မိ၊ မြို့ဖ ရွေးချယ်ရာတွင် ရပ်ကွက်တိုင်းမှ ရွေးချယ်ပေးသော ရပ်မိ၊ ရပ်ဖ (၅)ဦးစီနှင့် မြို့နယ်/မြို့နယ်ခွဲ ကြီးကြပ် ရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်ပေးထား သော မြို့မိ၊ မြို့ဖ (၅) ဦးကို စုပေါင်းပြီး ၎င်းတို့အနက်မှ မြို့မိ၊ မြို့ဖ အဖွဲ့ကို (၁၀) ဦးမှ (၃၀) ဦး အထိ မြို့နယ်/မြို့နယ်ခွဲ ကြီးကြပ် ရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်ရမည်”” ဟုပါရှိပြီး ကြီးကြပ်ရေး (၅) ဦး ကော်မတီက ၎င်းတို့ သဘောကျ (၁၀)ဦးမှ (၃၀) ဦးအထိ စိတ်ကြိုက် ချန်ထားပြီး ကျန်ရပ်မိ၊ ရပ်ဖများကို ရွေးချယ်ခံခွင့်၊ မဲပေးပိုင်ခွင့် မရှိအောင် လုပ်ပိုင်ခွင့် ပေးထားသော အမိန့်တစ်ရပ် ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတကြီး၏ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် မိန့်ကြားခဲ့သော မိန့်ခွန်းပါ ရည်ရွယ်ချက်များ ထမြောက် အောင်မြင်ဖို့ရာ ဆိုလျှင် ရှေ့သို့ ရဲရဲဝံ့ဝံ့ မလှမ်းချင်ဘဲ နောက်ပြန် သွားစေသည့် စည်းမျဉ်းများ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန် ပေးသူများ နှင့်တကွ နိုင်ငံတော် သမ္မတ၏ ရည်ရွယ်ချက် ဖြစ်သော ပြည်သူဗဟိုပြု၊ ပြည်သူ့ဆန္ဒ နှင့်အညီ ပွင့်ပွင့်လင်းလင်း မရွေးချယ်ဘဲ ပြည်သူ့ ဆန္ဒကို မျက်ကွယ် ပြုထားသည့် အမိန့်ကြေညာချက် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသခံ ပြည်သူများက ပြည်သူ့ လွှတ်တော်နှင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အချို့ထံ တင်ပြထားကြောင်း သတင်းရရှိသည်။


                                                                                                                                                                                                                                     မြန်မာသံတော်ဆင့်


 

0 Comment Box:

Post a Comment


 

Comment Box

Followers