Thursday, October 17, 2013

ရာဇာနေ၀င်း “ထွက်ပေါက်”စီးရီးဖြင့် ပရိသတ်ရှေ့ ထွက်လာမည်


အနုပညာလောကမှ ကာလအတော်ကြာပရိသတ်နှင့်ဝေးကွာခဲ့သည့် သရုပ်ဆောင်ရာဇာနေ၀င်းသည် ထွက်ပေါက် (exit) တစ်ကိုယ်တော်စီးရီးဖြင့် ပရိသတ်ရှေ့ ပြန်လည်ထွက်ရှိလာတော့မည်ဖြစ်သည်။ ယင်း စီရီးကို MTV၊ Liveshow ပုံစံများဖြင့် ကိုယ်တိုင်ရိုက်ကူးတင်ဆက်မည်ဖြစ်သည်။

တေးသီချင်း ၁၃ပုဒ် ပါဝင်သော ယင်းစီးရီးကို ဇ၀ါ၊ စောခူဆဲလ်၊ စောဖိုးခွား၊ သြရသ၊ ဟဲလေးတို့မှ တေးသီချင်းများ ပါဝင်ရေးသားထားသည်။

“အစ်ကို ဒီအခွေကို လုပ်နေတာကြာပါပြီ။ ပရိသတ်တွေကိုပေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် မပေးခဲ့ရပါဘူး။အဲဒီတော့ ဒီအခွေကို အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်။ နောက်ပြီး အရင်တုန်းကလို သီချင်းတွေကို သီဆိုမှာမဟုတ်ဘဲ သေချာအောင် ဂီတပုံစံတွေသိအောင် လုပ်နေပါတယ်။ ဒါကြောင့်မို့ သီချင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေတက်နေတာပါ။ အရင်ကဆိုခဲ့တဲ့ပုံစံနဲ့ လုံးဝကွဲလွဲသွားမှာ ပါ”ဟု ရာဇာနေ၀င်းက ပြောသည်။

ယင်းစီးရီးတွင် Pop၊ Rock၊ Electro တေးဂီတများလည်း ပါဝင်မည်ဖြစ်သည်။ mixing ကို KGK ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ယခုထွက်ရှိမည့်စီးရီးသည် ရာဇာနေ၀င်း၏အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်သည်။
 
                                                                                       မဇ္ဈိမသတင်းဌာန
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers