Sunday, November 3, 2013

iPhone 5S တွင် ဘက်ထရီ ချို့ယွင်းချက် ရှိကြောင်း Apple ၀န်ခံ


 
 
Apple ကုမ္ပဏီ က ၎င်းတို့၏ အသစ်ထုတ် iPhone 5S အချို့တို့တွင် ဘက်ထရီ ချွတ်ယွင်းချက် ရှိနေကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။ အလွန် နည်းပါးသော ဖုန်း ဟန်းဆက် အချို့တို့တွင် ဘက်ထရီ သည် သာမန် ထက် မြန်ဆန် စွာ အားနည်း ယုတ်လျော့ သွားကြောင်း Apple က ပြောကြား ခဲ့ပြီး ယင်းသည် ထုတ်လုပ်မှု အပိုင်း တွင် ချွတ်ယွင်းမှု အချို့ ပါရှိသွား ၍ ဟုလည်း ရှင်းလင်း ခဲ့သည်။ Apple က ယခု ပြဿနာ ကြုံခဲ့ ရသည့် အခြေအနေ တွင် ဖုန်း အသစ် တစ်လုံး လဲပေး သွားမည်ဟု လည်း ဆိုသည်။ အစောပိုင်း ကတည်း က iPhone 5S ၏ ဘက်ထရီ သက်တမ်း တိုတောင်း ကြောင်း ဝေဖန်မှု အချို့ ထွက်ပေါ် ခဲ့သော် လည်း Apple က အမျိုးမျိုးသော တုံ့ပြန်မှု များ ကို သေချာ ခိုင်မာ အောင် စီစစ် နေခဲ့ သည်။

ယခုအခါ အမေရိကန် နည်းပညာ လုပ်ငန်းစု ကြီး က iPhone 5S ၏ အချို့သော ဟန်းဆက် များ တွင် ဘက်ထရီ ပြဿနာ ရှိနေပြီဟု အတည်ပြု ကြေညာ ခဲ့သည်။ Appleက iPhone 5S ၏ ဘက်ထရီ သက်တမ်းသည် တစ်ကြိမ် အားသွင်းပြီး လျှင် စကားပြော ချိန် ( ၁၀ )နာရီ ကြာရှည် မည်ဟု ပြောကြား ထားသော်လည်း ခဏ တာ အချိန်မျှ နှင့် အားကုန် သွားသဖြင့် အရှက် ရစရာ ဖြစ်ခဲ့ကြောင်း လက်တွေ့ ကြုံရသူ များ က ဝေဖန် ခဲ့သည်။ Apple သည် ( ၂၀၀၆ ) ခုနှစ် ကလည်း ၎င်းတို့ ထုတ်လုပ်သည့် Laptop များတွင် ဘက်ထရီ ချွတ်ယွင်း ချက် ရှိနေ သဖြင့် ပြန်လည် သိမ်းဆည်း ပြင်ဆင် ပေးရဖူးသည်။

Apple၏ ပြောရေး ဆိုခွင့်ရ အမျိုးသမီး သီရေဆာ ဘရီဝါက "ကျွန်မ တို့ အနေနဲ့ မကြာသေးခင်က အရမ်း နည်းပါး တဲ့ iPhone 5S တွေမှာ ဘက်ထရီ ချွတ်ယွင်းချက် ရှိနေတာ ကို တွေ့ရှိ ခဲ့ပါတယ်။ ဘက်ထရီ က တစ်ကြိမ် အားသွင်းပြီး သက်တမ်း တိုတိုပဲ အသုံးပြု နိုင်တဲ့ ပြဿနာ မျိုးပါ။ ဒီအတွက် ပြဿနာ ကြုံရတဲ့ ဖောက်သည် တိုင်းကို ကျွန်တော် တို့ ဖုန်း အသစ်တွေ အစားထိုး လဲလှယ် ပေးသွား မှာပါ" ဟု ပြောကြား ခဲ့သည်။ Apple သည် iPhone 5S ကို သိုလှောင်မှု စွမ်းရည် ကွဲပြားချက် အလိုက် ပေါင်စတာလင် ( ၅၄၉ ) နှင့် ( ၇၀၉ ) ကြား ဈေးနှုန်း သတ်မှတ် ရောင်းချ လျှက် ရှိသည်။

                                                                            Planet Myanmar Network
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers